Events
“Specialty & Fine Food Asia (SFFA)” ၊ “Restaurant Pub & Bar (RPB) Asia” ၊ “Specialty Coffee & Tea Asia (SCTA)” ၊ “Meat & Poultry Asia (MPA)” ပြပွဲကျင်းပမည်
Updated At: 2022-01-17 15:36:15
စင်္ကာပူနိုင်ငံ၊ Suntec Singapore Convention & Exhibition Centre ၌ “Montgomery Event Asia Pte Ltd” ကုမ္ပဏီမှ ကြီးမှူး၍ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့အထိ “Specialty & Fine Food Asia (SFFA)” ၊ “Restaurant Pub & Bar (RPB) Asia” ၊ “Specialty Coffee & Tea Asia (SCTA)” ၊ “Meat & Poultry Asia (MPA)” အမည်တို့ဖြင့် စားသောက်ကုန်ပြပွဲများကို တစ်နေရာတည်းတွင် ပူးတွဲကျင်းပပြုလုပ်မည်ဖြစ်ရာ နိုင်ငံတကာဈေးကွက်ရှာဖွေလိုသော မြန်မာကုမ္ပဏီ/ လုပ်ငန်းရှင်များအနေဖြင့် ပြခန်းခစရိတ်သက်သာစွာဖြင့် ပါဝင်ပြသနိုင်ပါကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သံရုံး၊ စင်္ကာပူနိုင်ငံမှတဆင့် ဖိတ်ကြားလာပါသည်။
အဆိုပါပြပွဲများတွင် ပါဝင်ပြသခြင်းဖြင့် မြန်မာကုမ္ပဏီ/ လုပ်ငန်းရှင်များအတွက် အလားအလာရှိသော တန်ဖိုးမြှင့်စားသောက်ကုန်များ၊ သဘာဝ/ အော်ဂဲနစ်စားသောက်ကုန်များ၊ လတ်ဆတ်သော သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်များ၊ ဆန်၊ ပဲ၊ ပြောင်း၊ နှမ်း၊ စားသုံးဆီအမျိုးအမျိုး၊ ငါးနှင့် ပင်လယ်စာ၊ ဟင်းခတ်အမွှေးအကြိုင်များ၊ ဘီယာ၊ ဝိုင်၊ အဖျော်ယမကာနှင့် ဖျော်ရည်အမျိုးမျိုး၊ ကော်ဖီနှင့်လက်ဖက်စသည်တို့ကို ပါဝင်ပြသသွားနိုင်ပြီး၊ စားသောက်ကုန်ထုတ်လုပ်ဖြန့်ဖြူးရောင်းချရာတွင် လိုအပ်သော သုံးသပ်ဆွေးနွေးမှု အစီအစဉ်များကိုလည်း လေ့လာနိုင်မည်ဖြစ်ပါသည်။
ထို့ပြင်ကုန်စည်ပြပွဲကို အွန်လိုင်းဖြင့်ပါဝင်ပြသနိုင်သည့်နှစ်မျိုးစပ်(Hybrid)ပုံစံကျင်းပပြုလုပ်ခြင်းဖြစ်၍ လူကိုယ်တိုင်ပါဝင်ပြသလိုသော မြန်မာကုမ္ပဏီများသည် ပြခန်းအမျိုးအစားများကို ၃၁-၁-၂၀၂၂ ရက်နေ့ နောက်ဆုံးထား၍ အကြောင်းပြန်ကြားပေးနိုင်မည်ဆိုပါက (၁၈) စတုရန်းမီတာနှင့် (၉) စတုရန်းမီတာအကျယ်အဝန်းရှိသော ပြခန်းတစ်ခန်းအား မူလဈေးနှုန်းထက် ၃၃ ရာခိုင်နှုန်း သက်သာသော ဈေးနှုန်းဖြင့်လည်းကောင်း၊ (၄) စတုရန်းမီတာအကျယ်အဝန်းရှိသောပြခန်း (ပြခန်းတစ်ခန်းလျှင် ကုမ္ပဏီတစ်ခုသာပြသခွင့်ရှိပြီး) မူလဈေးနှုန်းထက် ၃၀ ရာခိုင်နှုန်းသက်သာသော ဈေးနှုန်းဖြင့်လည်းကောင်း ကမ်းလှမ်းပေးနိုင်မည်ဖြစ်ပြီး လူကိုယ်တိုင်လာရောက်ပြသနိုင်ရန် အခက်အခဲရှိသည့် မြန်မာလုပ်ငန်းရှင်များအနေဖြင့်လည်း အွန်လိုင်းမှတစ်ဆင့် ပါဝင်ပြသနိုင်မည်ဖြစ်ရာ စင်ကာပူဒေါ်လာ ၁၅၀၀၊ ၁၇၀၀ နှင့် ၂၅၀၀ ကျသင့်မည့် အွန်လိုင်းပြခန်းအမျိုးအစား(၃)မျိုးကို ရွေးချယ်နိုင်ပါကြောင်းနှင့် လူကိုယ်တိုင်လာရောက်ပြသမည့် ကုမ္ပဏီများသည်လည်း အွန်လိုင်းဖြင့် ပြသလိုပါက ပုံမှန်ဈေးနှုန်းထက် စင်ကာပူဒေါ်လာ ၂၀၀ သက်သာသော နှုန်းထားဖြင့် ပြသနိုင်မည် ဖြစ်ပါသည်။
သို့ပါ၍ အဆိုပါကုန်စည်ပြပွဲများတွင် ပါဝင်ပြသလိုသော မြန်မာကုမ္ပဏီလုပ်ငန်းရှင်များအနေဖြင့် ၃၁-၁-၂၀၂၂ ရက်နေ့မတိုင်မီ စီးပွားရေးသံမှူး၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သံရုံး၊ စင်္ကာပူနိုင်ငံ၊ Email: [email protected] သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။
ဝါဝါထွန်း(ကုန်သွယ်မြှင့်)
Event Details
- Date
- 22th to 24th June
- Location
- စင်္ကာပူနိုင်ငံ၊ Suntec Singapore Convention & Exhibition Centre
- Website
- www.myantrade.org
More Events
AYUSH UTSAV 2025 ပြပွဲ ကျင်းပမည်
Date: 4th to 6th September, 2025
(၄) ကြိမ်မြောက် အာဖရိကဒေသကုန်သွယ်မှုပြပွဲ (Intra African Trade Fair-IATF 2025) ကျင်းပပြုလုပ်မည်
Date: 4th to 10th September, 2025
Sri Lanka EXPO 2026 ပြပွဲ ကျင်းပပြုလုပ်မည်
Date: 18th to 21st June, 2026